"စိတ်တို၊ ဒေါသဖြစ်ဖို့ ကျွန်မတို့ တွေ့ဆုံခဲ့ကြတာမဟုတ်ဘူး"
"စိတ်တို၊ ဒေါသဖြစ်ဖို့ ကျွန်မတို့ အလုပ်လုပ်နေတာမဟုတ်ဘူး"
"စိတ်တို၊ ဒေါသဖြစ်ဖို့ ကျွန်မတို့ စာသင်နေတာမဟုတ်ဘူး"
"စိတ်တို၊ ဒေါသဖြစ်ဖို့ ကျွန်မတို့ သူငယ်ချင်း မိတ်ဆွေထားတာမဟုတ်ဘူး"
"စိတ်တို၊ ဒေါသဖြစ်ဖို့ လင်နဲ့မယားအဖြစ် ကျွန်မတို့ ပေါင်းသင်းခဲ့တာမဟုတ်ဘူး"
"စိတ်တို၊ ဒေါသဖြစ်ဖို့ ကျွန်မတို့ ကလေးမွေးခဲ့ကြတာမဟုတ်ဘူး"
ဖော်ပြပါများမှာ http://www.minghui-school.org မှ မနိုင်းနိုင်းစနေ ဘာသာပြန်ထားခြင်းဖြစ်သည်.....။
ဖော်ပြပါများကိုထပ်မံ၍ဖြည့်စွက်လိုပါသည်....။
စိတ်တို ၊ ဒေါသဖြစ်ဖို့ ကျွန်တော်တို့ တွေ့ဆုံခဲ့ကြတာ မဟုတ်ပါ.....။ သို့ပေမယ့် ကျွန်တော်တို့ ပထမဆုံးတွေ့ဆုံချိန်မှာတောင် စိတ်ဆိုး ဒေါသ ထွက်ဖူးကြပါသည်...။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်တို့ဟာ သာမန်ပုထုဇဉ် လူသားများသာ ဖြစ်သောကြောင့် ဖြစ်သည်...။ အချို့သော တွေ့ဆုံမှုများတွင် ပျော်ရွှင်ခြင်းနှင့် စတင်ခဲ့ကြသည်...။ သို့သော် တစ်ယောက်နဲ့တစ်ယောက် မကြည့်ချင် မမြင်ချင်လောက်အောင် မုန်းတီးမှုများနှင့် အဆုံးသတ်သွားတတ်သည်...။ အချို့သော တွေ့ဆုံမှုများသည် စိတ်ဆိုး ဒေါသထွက်စရာများဖြစ်ခဲ့ပေမယ့် နောက်ပိုင်းတွင် တစ်ယောက်နဲ့ တစ်ယောက် နားလည် ခွင့်လွှတ်ပေးနိုင်ကြသည်...။ မည်သို့ပင်တွေ့ဆုံခဲ့ကြရသည် ဖြစ်စေ ကျွန်တော် တို့ ခွဲခွာကြရသော အခါ ပျော်ရွှင်သောအဆုံးသတ်ဖြစ်စေရန် စာနာ နားလည်မှုကို လက်ကိုင်ထားသင့်သည်...။
စိတ်တို ၊ ဒေါသ ဖြစ်ဖို့ ကျွန်တော်တို့အလုပ်လုပ်နေကြခြင်းမဟုတ်ပါ...။ စိတ်ချမ်းသာစွာ ငွေကြေးအသုံးပြုနိုင်ရန် အလုပ်လုပ်နေကြခြင်းဖြစ်သည်...။ အလုပ်တွင်ပေါ်လာသော အဆင်မပြေမှုများကို အကောင်းမြင်စိတ်နှင့်သာ ကြည့်ပါက အစဉ် စိတ်ချမ်းသာနေမည်သာဖြစ်သည်..။
စိတ်ဆိုး ၊ ဒေါသ ဖြစ်ဖို့ ကျွန်တော်တို့ ပညာသင်နေကြခြင်းမဟုတ်ပါ...။ ကျွန်တော်တို့ဘ၀ ကိုထူထောင်နိုင်ဖို့ ပညာသင်နေကြခြင်းသာ ဖြစ်သည်....။ အတန်းစာမေးပွဲကျရှုံး၍ စိတ်ပျက်ပြီးလက်လျှော့လျှင်တော့ စိတ်ပျော့ညံ့သူသာဖြစ်လိမ့်မည်...။ လဲကျလျှင်ပြန်ထနိုင်ရမည်...။ ရှုံးနိမ့်မှုကို ကြောက်ရွံ့နေ၍တော့ မရပေ...။ ရှုံးနိမ့်ခြင်းမရှိပဲ ရရှိခဲ့သော အောင်မြင်မှုသည် ချိုမြိန်ပါသည်...။ သို့သော် ရှုံးနိမ့်မှုများကြားမှ ရရှိလာသော အောင်မြင်မှုသည် ပို၍ပင်အရသာ ရှိပါပေသည်...။ ထို့ကြောင့် လဲကျလျှင် ပြန်ထနိုင်အောင် လေ့ကျင့်ထားသင့်သည်...။
စိတ်ဆိုး ၊ ဒေါသ ထွက်ဖို့ ကျွန်တော်တို့ သူငယ်ချင်း မိတ်ဆွေ ထားကြခြင်းမဟုတ်ပါ...။ ကျွန်တော်တို့ဘ၀ရဲ့ စိတ်အမောတွေဖြေရန် ခံစားမှုတွေကိုမျှဝေခံစားပေးရန် ကျွန်တော်တို့ ၀မ်းနည်းနေသောအခါ နှစ်သိမ့်ပေးရန် သူငယ်ချင်း မိတ်ဆွေထားကြခြင်း သာဖြစ်သည်..။ တစ်ယောက်နှင့်တစ်ယောက် စောင်းမြောင်းပုတ်ခတ်နေကြဖို့ စိတ်ဆိုး ဒေါသ ထွက်ဖို့ မဟုတ်ပါ...။ သူငယ်ချင်းများကို စာနာပါ....။ နားလည်ပေးပါ...။ ကူညီပါ...။ သူတို့က တစ်ဖန်သင့်ကို ပြန်လည် အားပေးပါလိမ့်မည်...။
စိတ်တို ဒေါသဖြစ်ဖို့ လင်နှင့်မယာ ပေါင်းသင်းကြခြင်းမဟုတ်ပါ...။ တစ်ယောက်နှင့်တစ်ယောက် တစ်ဘ၀လုံးစာ အားကိုးအားထားပြုကြရန် ပေါင်းသင်းကြခြင်းသာဖြစ်သည်...။ တစ်ယောက်၏အပြစ်ကိုသာ တစ်ယောက်က ရှာနေ၍တော့မဖြစ်ပါ...။ တစ်ယောက်၏မကောင်းကွက်ကို ကောင်းကွက်လေးများနှင့်ဖြည်းဆည်းပေးပါ...။ သူ၏လိုအပ်ချက်များကို ကိုယ့်အားသာချက်များဖြင့်ဖြည့်ဆည်းပေးပါ...။ လင်နှင့်မယားဖြစ်လာလျှင် သူငယ်ချင်း မိတ်ဆွေများထက် ပင် အချင်းချင်း စာနပေးသင့်သည်...။ နားလည်ပေးသင့်သည်...။ ကိုယ့်ဘက်ကမေတ္တာပေးနေသ၍ သူ့ဘက်လဲ မေတ္တာသာပြန်ပေးပါလိမ့်မည်....။
စိတ်တိုဒေါသဖြစ်ဖို့ကျွန်တော်တို့ကလေးမွေးကြတာမဟုတ်ပါ...။ကလေးများမှာ သွေးသားတော်စပ်သူမရှိသူနှစ်ဦး ကိုသွေးသားတော်စပ်အောင်ပြုလုပ်ပေးနိုင်သော တစ်ခုတည်းသော ပေါင်းကူးတံတားလေးများဖြစ်သည်...။ ကလေးငယ်များ၏စိတ်မှာ သူတို့လုပ်ချင်တာကိုသာသိသည်....။ လုပ်သင့် မလုပ်သင့်ကို ဝေဖန်ပိုင်းခြားနိုင်စွမ်းတော့မရှိပေ...။ ထို့ကြောင့် ကလေးငယ်များအပြစ်လုပ်မိသော အခါ စိတ်ဆိုး ဒေါသထွက်နေ၍တော့မဖြစ်ပေ... ။ လှမ်းမှန်ကို ညွှန်ကြားပေးနိုင်ရမည်...။ သို့မှသာ မိဘကောင်းများဖြစ်လာပေလိမ့်မည်....။

မောင်သုခ
9:50pm
22.11.10
9:50pm
22.11.10
0 comments:
Post a Comment