
ခင်ဗျားတို့ ချာတိတ်ဘဝက ကျိတ်ရူးပြီး ချစ်ခဲ့ဖူးတဲ့ ငယ်ချစ်ဦးလေးကို သတိရသွားစေမယ့် သီချင်းလေးတစ်ပုဒ် ရှိတယ်။ လူငယ်ဆန်ဆန်လေးနဲ့ ချစ်စရာပုံစံလေး လုပ်ထားတဲ့ B'Clipz ရဲ့ သီချင်းဟောင်းလေးတစ်ပုဒ်ပါ။ သီချင်းလေးက ဟောင်းသွားပေမယ့် နားထောင်မိတဲ့ အချိန်တိုင်း ကောင်းနေတဲ့ သီချင်းလေး တစ်ပုဒ်ပါ။ နားထောင်ကြည့်ကြပါဦး....။
Song Name - ချာတိတ်ဘဝ
Perfromed By B'Clipz
READMORE

Post အသစ်မတင်ဖြစ်တာကြာပြီ။
ပထမဆုံးပြန်တင်တဲ့အနေနဲ့ Song of The Day အစီအစဉ်လေး ပြန်စလိုက်ပါတယ်။
စတော်ဘယ်ရီဝိုင် Albumn ထွက်ထားတဲ့ မဲလေး[G-3] ရဲ့ Underground တုန်းက သီချင်းလေးတစ်ပုဒ်ပါ။
R&B သီချင်းကောင်းကို နှစ်သက်တတ်သူတွေ လက်မလွှတ်သင့်တဲ့ သီချင်းအေးအေးလေး တစ်ပုဒ်ပါ။
နားထောင်ချင်တယ်ဆိုရင်တော့ အောက်မှာ Download Link ပေးထားပါတယ်။
Song Name - 3 Minutes
Performed By Mae Lay [G-3]
Download
Here
READMORE
27 ကြိမ်မြောက် Sea Game နှင့် ပါတ်သတ်ပြီး ကျွန်တော်ရှာဖွေမိသမျှ -
ယခုတစ်ကြိမ် အပါအ၀င် ဆို မြန်မာနိုင်ငံမှ အိမ်ရှင် အဖြစ် Sea Game ကျင်းပသည်မှာ ၃ ကြိမ်မြောက်ဖြစ်သည်။ ပထမ အကြိမ်ကို 1961 ခုနှစ် နှင့် ဒုတိယ အကြိမ်ကို 1969 ခုနှစ်တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့ခြင်းဖြစ်သည်။ ယခု တတိယ အကြိမ်မြောက်ကိုတော့ မြန်မာနိုင်ငံ၏ မြို့တော်သစ်ဖြစ်သော နေပြည်တော် ၌ အဓိက ကျင်းပမည် ဖြစ်ပြီး အခြားမြို့ကြီးများဖြစ်သော ရန်ကုန်မြို့ နှင့် မန္တလေးမြို့ တွင်လဲ တွဲဖက်ကျင်းပမည် ဖြစ်ကြောင်းသိရသည်။ Sea Game တွင် ကစားနည်း အဖြစ် ကြက်တောင်ရိုက် ၊ မြားပစ် ၊ ရေကူး ၊ ဘောလုံးကန် ၊ ဂျူဒို အစ ရှိသဖြင့် ၃၃ မျိုးအထိပါဝင်မည်ဖြစ်သည်။ အိမ်ရှင် မြန်မာ နိုင်ငံ နှင့်တကွ ဘရူနိုင်း ၊ ကမ္ဘောဒီးယား ၊ အင်ဒိုနီးရှား ၊ မလေးရှား ၊ လာအို ၊ ဖိလစ်ပိုင် ၊ စကာင်္ပူ ၊ ထိုင်း ၊ တိမော ၊ ဗွီယက်နမ် နိုင်ငံမှ ကစားသမားများ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
ယခုနှစ် Sea Game ၏ လဘ်ကောင်ရုပ် အဖြစ် ဇီးကွက်မောင်နှင်္ ကို ရွေးခြယ်ထားသည်။ ဇီးကွက်မောင်နှံ ၏ အမည်အဖြစ် အထီးလဘ်ကောင်အား ရွှေရိုး ၊ အမလဘ်ကောင်အား မမိုးဟု အမည်ပေးထားသည်။

Sea Game အားကစားပွဲစဉ်များ ကို Live အနေဖြင့် MRTV - 4 , SkyNet တို့မှ စောင့်ယူ ကြည့်ရှု နိုင်မည် ဖြစ်သည်။
Sea Game Official Website အား ဤ
Link တွင် သွားရောက် ကြည့်ရှုနိုင်မည်ဖြစ်ပြီး Sea Game ရောက်မည့် နေ့အား Count Down ရေတွက်ပေးနေမည် ဖြစ်သည်...။
Sea Game နှင့်ပါတ်သတ်သည့် Wallpaper များအား
ဤနေရာ တွင် ရယူနိုင်မည်ဖြစ်သည်။
ဖော်ပြပါ အချက်အလက်များမှာ WikipediA အား အခြေခံရေးသားထားခြင်းဖြစ်သည်။
10 Songs For Sea Game 2013
မြန်မာနိုင်ငံက
အိမ်ရှင်အဖြစ် ကျင်းပမယ့် 27 ကြိမ်မြောက် 2013 Sea Game အတွက် စကာတင်
ရွေးချယ်ထားတဲ့ သီချင်း ၁၀ ပုဒ်ပါ...။ ဒီထဲကမှ အကြိုက်ဆုံးသီချင်းကို
မဲပေးရွေးချယ်ပြီး Theme Song အဖြစ် သုံးမှာဖြစ်ပါတယ်...။ သီချင်းတွေ
အားလုံးနီးပါးက ကောင်းနေတော့ ဘယ်သီချင်းရွေးရမှန်း မသိဘူး ဖြစ်နေတယ်...။ ကဲ
ဘော်ဒါတွေလဲ သီချင်းတွေကို ခံစားနားဆင်ကြည့်ကြပါဦးလို့....။
သီချင်းတွေ Download ဆွဲချင်ရင်တော့ ဒီ
Link လေးမှာ သွားယူနိုင်ပါတယ်...။
READMORE
Song Name - Sayonara
Performed By Saw Nyi Nyi Featuring Moe Moe
Download Here
Download With
Dropbox
ပြန် မ လာ တော့ ဘူး ပေါ့
အ သေ အ ချာ ဆုံး ဖြတ် ပြီး ခဲ့ ရင်
ငါ မ ကျေ နပ် ဘူး ပေါ့
ပြန် လည် မုန်း လဲ မ မုန်း ရက်ပါ
နင် မ ရှိ တဲ့ ဘ ၀ မှာ ရှင် သန် စ ရာ မ ရှိ တော့ ဘူး
ကြေ ကွဲ ပြီး နေ့ စဉ် လူ တ ကာ အ လည် အ သက် မ ရှင် ဘူး
ပျော် ပါ စေ ချစ် သူ ငါ ဟာ လမ်း ပျောက် ခဲ့ သူ ပါ
သံ သ ယာ မှာ နောက် တစ် ခါ မ ကြုံ ချင် ရှုံး နိမ့် ခဲ့ သူ ပါ
READMORE